Too Faced
too faced Naturally Better Than Sex Natural Mascara deluxe
too faced Naturally Better Than Sex Natural Mascara deluxe
Couldn't load pickup availability
Too Faced ရဲ့ နာမည်ကြီး Cult favorite ဖြစ်တဲ့ Pink Tube (Better Than Sex) Mascara ကိုမှ သဘာဝပါဝင်ပစ္စည်း (Naturally Derived Ingredients) ၉၈% အထိသုံးပြီး ထုတ်လုပ်ထားတဲ့ ဗားရှင်းသစ် ဖြစ်ပါတယ်။ မျက်လုံးကို ထိခိုက်စေတဲ့ harsh chemicals တွေကို ရှောင်ရှားလိုသူများ၊ Clean Beauty ကြိုက်သူများအတွက် အထူးသင့်တော်ပါတယ်။
ဘာတွေထူးခြားလဲ?
- Formula: ဝါးမျှင် (Bamboo Fibers) လေးတွေပါဝင်လို့ မျက်တောင်ကို ရှည်ပြီး ထူထဲစေပါတယ်။ Goji Berry နဲ့ Essential Oils တွေပါဝင်လို့ မျက်တောင်မွေးကို အားဖြည့်ပေးပါတယ်။
- The Brush: Too Faced ရဲ့ signature ဖြစ်တဲ့ Hourglass (နာရီသဲအိမ်ပုံစံ) Brush ကိုပဲ သုံးထားလို့ မျက်တောင်အမွှေးတိုင်းကို ကော့ညွှတ်စေပါတယ်။
- Color: သဘာဝပစ္စည်းတွေပါပေမယ့် အရောင်ကတော့ အမည်းရောင် (Intense Black) အတိုင်း ရရှိစေမှာပါ။
ဘယ်သူတွေအတွက်လဲ?
- မျက်လုံး တစ်ဝိုက် အသားအရေ sensitive ဖြစ်သူများ။
- Contact Lens တပ်သူများ။
- Chemical အပြင်းစား မပါဝင်တာကို လိုချင်ပေမယ့် Volume ကောင်းကောင်း လိုချင်သူများ။
အသုံးပြုပုံ
Mascara ကို မျက်တောင်ရင်းကနေ အဖျားဘက်သို့ Zig-zag ပုံစံ ဆွဲပြီး ပွတ်ဆွဲပေးပါ။ ပိုပြီး ထူချင်ရင် ၂-၃ ထပ် (Coat) ထပ်ဆွဲနိုင်ပါတယ်။
Glorious Honest Note:
ဒါသည် Waterproof မဟုတ်ပါ (Washable ပါ)။ သဘာဝပါဝင်ပစ္စည်းတွေနဲ့မို့ Original Pink Tube လောက်အကြာကြီးခံချင်မှ ခံပါလိမ့်မယ်။ သို့သော် ဖျက်ရလွယ်ကူပြီး မျက်တောင်ကျွတ်သက်သာစေပါတယ်။ Essential oils ပါဝင်လို့ အနံ့သင်းသင်းလေး ရနိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

