Hourglass
Unlocked Instant Extensions Mascara
Unlocked Instant Extensions Mascara
Couldn't load pickup availability
မျက်တောင်မကော့မှာ၊ မျက်လုံးအောက် Mascara တွေပေပြီး ပန်ဒါမျက်လုံးဖြစ်မှာ စိတ်ပူစရာမလိုတဲ့ Hourglass ရဲ့ နာမည်ကြီး Tubing Mascara (Size အသေး) ဖြစ်ပါတယ်။
ဘာထူးခြားလဲ?
ဒါက ရိုးရိုး Mascara မဟုတ်ဘဲ "Tubing Technology" ကိုသုံးထားတာပါ။ မျက်တောင်မွေးလေးတွေကို Mascara သားနဲ့ ပိုက်ချောင်းသဏ္ဍာန် (Tube) တစ်ချောင်းချင်းစီ စွပ်ပေးထားသလိုမျိုး ဖြစ်စေတာကြောင့် ပူအိုက်တဲ့ရာသီဥတုမှာတောင် လုံးဝ မပေပါဘူး။
Finish & Effect
- Finish: သဘာဝဆန်ဆန် ပိုရှည်ပြီး ကော့ညွတ်သွားစေပါတယ်။ (Defining and Lengthening)
- Volume: အုံအရမ်းထူတာမျိုးမဟုတ်ဘဲ တစ်ချောင်းချင်းစီ ရှင်းရှင်းလေးနဲ့ ရှည်ထွက်သွားတဲ့ ပုံစံပါ။
Glorious ၏ အကြံပြုချက်
- Best For: မျက်ခွံအဆီပြန်တတ်သူများ၊ မျက်လုံးအောက် Mascara ပေတတ်သူများ၊ Makeup Remover သီးသန့်မသုံးချင်သူများအတွက် အထူးသင့်တော်ပါတယ်။
- Removal: ဖျက်ရတာ အရမ်းလွယ်ပါတယ်။ Cotton pad/Remover အဆီတွေနဲ့ ပွတ်တိုက်စရာမလိုပါဘူး။ ရေနွေးနွေး (Warm Water) လေးဆွတ်ပြီး လက်ချောင်းလေးနဲ့ ဖွဖွလေးပွတ်ဆွဲချလိုက်ရုံနဲ့ Mascara တွေက အမျှင်လိုက်လေးတွေ ကွာကျလာပါလိမ့်မယ်။
- Note: ဒါက 2.7g ပါဝင်တဲ့ Travel Size (Mini Size) ဖြစ်လို့ ပိုက်ဆံအများကြီးမသုံးဘဲ စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်နော်။
PAO -(6M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

