Urban Decay
Eyeshadow Primer Potion
Eyeshadow Primer Potion
Couldn't load pickup availability
Eyeshadow လိမ်းတဲ့အခါ နေ့လည်မရောက်ခင် ပျက်သွားတာ၊ မျက်ခွံအရေးကြောင်းကြားထဲ အရောင်တွေ၀င်ပြီး Crease ဖြစ်တာမျိုးတွေအတွက် အကောင်းဆုံးအဖြေပါပဲ။ Makeup Artist တိုင်းရဲ့ Kit ထဲမှာရှိရမယ့် "Holy Grail" item လို့ တင်စားကြတဲ့ Primer ဖြစ်ပါတယ်။
ဘာကြောင့် သုံးသင့်တာလဲ?
- Long-Lasting Wear: မျက်ခွံမှာရှိတဲ့ အဆီပြန်မှုကို ထိန်းပေးပြီး Eyeshadow အရောင်ကို တစ်နေကုန် (၂၄ နာရီအထိ ကြာရှည်ခံသည်ဟု Brand မှဆို) မပျက်ဘဲ တည်ရှိစေပါတယ်။
- Vibrant Color: Eyeshadow အရောင်တွေကို ပုံမှန်ထက် ပိုတောက်စေပြီး Pigment ပိုထွက်စေပါတယ်။
- Original Formula: လိမ်းလိုက်ရင် အရောင်မကျန်ခဲ့ဘဲ Invisible (အကြည်ရောင်) အဖြစ် ပြောင်းသွားတာမို့ မည်သည့် Follow-up eyeshadow အရောင်နဲ့မဆို အဆင်ပြေပါတယ်။
ဘယ်သူတွေအတွက်လဲ?
- မျက်ခွံ အဆီပြန်တတ်သူများ (Oily Lids)။
- Eyeshadow အရောင် မထွက်လို့ စိတ်ညစ်နေရသူများ။
- Event တွေမို့ မိတ်ကပ် တစ်နေကုန်ခံဖို့ လိုအပ်သူများ။
အသုံးပြုနည်း
- အနည်းငယ် (ဆန်စေ့ခန့်) ကို ယူပြီး မျက်ခွံပေါ်သို့ တို့ပေးပါ။
- လက်ချောင်းလေးဖြင့် မျက်ခွံအနှံ့ ညီညာအောင် သတိထား blend ပါ။
- ချက်ချင်း Eyeshadow မတင်ပါနှင့်။ စက္ကန့် ၃၀ ခန့်ထားပြီး Primer လေး နည်းနည်းခြောက်သွားမှ Eyeshadow စတင်လိမ်းပါ။
Glorious Honest Note
ဒါက Magic တော့ မဟုတ်ပါဘူး။ ပမာဏ အရမ်းများသွားရင် မျက်ခွံမှာ အဖတ်လိပ်သလို ဖြစ်တတ်ပါတယ်။ နည်းနည်းလေးနဲ့ ပါးပါးလေး လိမ်းတာက အထိရောက်ဆုံးပါ။ Original က အရောင်မပါတဲ့အတွက် မျက်ခွံညိုတာကို ဖုံးချင်ရင်တော့ Concealer သို့မဟုတ် Tinted Primer (Eden/Sin shade) မျိုးကို ပိုပြီး စဉ်းစားသင့်ပါတယ်။
PAO-(6M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

