Hourglass
Vanish Airbrush Pressed Powder
Vanish Airbrush Pressed Powder
Couldn't load pickup availability
မိတ်ကပ်သားကို အပြစ်အနာအဆာကင်းပြီး ချောမွတ်သွားစေဖို့ (Airbrushed Finish) ဖန်တီးပေးနိုင်တဲ့ Pressed Powder ဖြစ်ပါတယ်။ Hourglass ရဲ့ နာမည်ကြီး Vanish Line ထဲကဖြစ်ပြီး၊ အဆီပြန်တာကို ထိန်းချုပ်ပေးရုံသာမက Formular မှာ Talc (ကျောက်မှုန့်) လုံးဝမပါဝင်ဘဲ သန့်ရှင်းစွာ ထုတ်လုပ်ထားပါတယ်။
ဘာတွေထူးခြားလဲ?
- Instant Blurring Effect: အသားအရေပေါ်ရှိ ချွေးပေါက်များနှင့် အရေးအကြောင်းများကို ချက်ချင်းဝါးသွားစေပြီး ဓာတ်ပုံရိုက်လျှင် အထူးလှပစေပါတယ်။
- Skin-Loving Formula: Talc-free ဖြစ်သလို၊ Vegan လည်းဖြစ်လို့ Sensitive Skin များအတွက် စိတ်ချရပါတယ်။
- Travel Friendly: Loose Powder တွေလို ဖိတ်စင်မှာ မပူရဘဲ အိတ်ဆောင်သယ်သွားပြီး Touch-up လုပ်ဖို့ အလွန်အဆင်ပြေပါတယ်။
ဘယ်သူတွေအတွက်လဲ?
- မျက်နှာအဆီပြန်တတ်ပြီး မိတ်ကပ်မြန်မြန်ကွက်တတ်သူများ။
- Loose Powder သယ်ရတာ ရှုပ်လို့ ကျစ်လျစ်တဲ့ Compact ဘူးကို ရှာနေသူများ။
- မိတ်ကပ်လိမ်းထားမှန်းသိသာတဲ့ "Cakey" look မဖြစ်ဘဲ သဘာဝကျကျ လှချင်သူများ။
Glorious Honest Notes
ဒါက Coverage (အမဲစက်ဖုံးအုပ်မှု) ပေးတဲ့ Powder Foundation မဟုတ်ပါဘူး။ မိတ်ကပ် Set လုပ်ပေးတဲ့ Setting Powder သာ ဖြစ်ပါတယ်။ သူက အဆီထိန်းအားကောင်းတဲ့အတွက် အသားအရမ်းခြောက်ပြီး အဖတ်လန်တတ်တဲ့ (Very Dry Skin) တွေနဲ့ဆိုရင် နည်းနည်း ခြောက်သွေ့နိုင်ပါတယ်။ Dry Skin သမားဆိုရင်တော့ Hourglass ရဲ့ Loose Powder (Veil Translucent) က ပိုအဆင်ပြေနိုင်ပါတယ်။
How to Use
ပါဝင်တဲ့ Puff လေးနဲ့ယူပြီး မျက်နှာပေါ် ခပ်ဖွဖွလေး ဖိပေးပါ။ ပွတ်ဆွဲတာမျိုး မလုပ်ရပါဘူး။ အဆီအရမ်းပြန်တဲ့ T-Zone နေရာတွေကို အဓိကထားပြီး သုံးပေးပါ။
PAO-(12M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

