Good Molecules
Vitamin C Serum with Oryzanol
Vitamin C Serum with Oryzanol
Regular price
80,000 MMK
Regular price
113,000 MMK
Sale price
80,000 MMK
Unit price
per
Couldn't load pickup availability
အသားအရေ ညစ်နွမ်းမှုတွေကို ဖယ်ရှားပြီး ကြည်လင်းတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ Good Molecules ရဲ့ Vitamin C Serum သစ်လေး ဖြစ်ပါတယ်။ သူ့မှာ Vitamin C (Ascorbic Acid) အပြင်၊ အမဲစက်တွေကို ထိထိရောက်ရောက် သက်သာစေတဲ့ Kojic Acid Ester နဲ့ အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ အင်တီအောက်ဆီးဒင့် (Antioxidant) ကြွယ်ဝသော သဘာဝ Oryzanol တို့ကို ပေါင်းစပ်ထုတ်လုပ်ထားတာပါ။
- ဘယ်သူတွေအတွက်လဲ: အသားအရေ ညစ်နွမ်းပြီး မကြည်မလင်ဖြစ်နေသူများ၊ နေလောင်ဒဏ်နှင့် ဝက်ခြံကြောင့်ဖြစ်လာသည့် အမဲစက်၊ အမာရွတ်များကို သိသိသာသာ သက်သာလိုသူများ၊ အသက်အရွယ်ကြောင့်ဖြစ်လာမည့် အရေးအကြောင်းများကို ကြိုတင်ကာကွယ်ပြီး အသားအရေ ကြည်လင်းချင်သူများအတွက် အထူးသင့်လျော်ပါတယ်။
- အသုံးပြုပုံ: နေ့စဉ် (သို့) တစ်ပတ်လျှင် ၃-၄ ကြိမ်ခန့် (Toner အသုံးပြုပြီးနောက်) Serum အစက်အနည်းငယ်ကို မျက်နှာတစ်ခုလုံးနဲ့ လည်ပင်းကို အသာအယာ ပွတ်လိမ်း/ပုတ်လိမ်းပေးပါ။
- Honest Notes: ဒီ Serum လေးမှာ Active Ingredients တွေဖြစ်တဲ့ Vitamin C နဲ့ Kojic Acid ပါဝင်တဲ့အတွက် Skin Barrier ပျက်စီးနေသူတွေ (အသားအရေ နီရဲလန်ထွက်နေသူများ / အလွန်ခြောက်သွေ့သူများ) အနေနဲ့ အသားအရေပြန်လည်ကျန်းမာလာမှသာ စတင်အသုံးပြုသင့်ပါတယ်။ Vitamin C ဖြစ်သောကြောင့် နေ့ဘက်နှင့် ညဘက် နှစ်မျိုးလုံး သုံးနိုင်သော်လည်း၊ နေ့ဘက်တွင် အသုံးပြုပါက Sunscreen (နေလောင်ခံခရင်မ်) လိမ်းရန် အလွန်အရေးကြီးပါသည်။ ချက်ချင်း ဖြူဝင်းသွားမည် မဟုတ်ဘဲ ပုံမှန်လေး စိတ်ရှည်ရှည် အသုံးပြုပေးမှသာ ရလဒ် ထိရောက်မည် ဖြစ်ပါသည်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

