Bobbi Brown
Vitamin Enriched Face Base Moisturizer & Primer
Vitamin Enriched Face Base Moisturizer & Primer
Couldn't load pickup availability
ကမ္ဘာကျော် Beauty Blogger တိုင်းရဲ့ Favorite List မှာပါဝင်ပြီး "Holy Grail" လို့ တင်စားခံရတဲ့ 2-in-1 Skincare-Makeup Hybrid ဖြစ်ပါတယ်။ Moisturizer အဖြစ် အသားအရေကို အားဖြည့်ပေးသလို၊ Primer အနေနဲ့လည်း မိတ်ကပ်သားကို ဆွဲကပ်ထားပေးနိုင်တဲ့ နာမည်ကြီး "Face Base" ပါ။
ဘာကြောင့် ဒါကို ရွေးချယ်သင့်တာလဲ?
- 2-in-1 Solution: မိတ်ကပ်မလိမ်းခင် Moisturizer သီးသန့်၊ Primer သီးသန့် လိမ်းရတာ ရှုပ်နေသူတွေအတွက် တစ်ဆင့်တည်းနဲ့ ပြီးပြည့်စုံစေပါတယ်။
- Vitamin Blend: Vitamin B, C, E တို့ပါဝင်လို့ အသားအရေကို ချက်ချင်း လန်းဆန်းစေပြီး အားဖြည့်ပေးပါတယ်။
- Unique Texture: Shea Butter ပါဝင်လို့ ကြည့်လိုက်ရင် Cream အသား ပ်စ်တယ်လို့ ထင်ရပေမယ့် လိမ်းလိုက်ရင် စေးကပ်ခြင်းမရှိဘဲ (Non-greasy) အသားထဲ စိမ့်ဝင်သွားပါတယ်။
- Makeup Grip: သူ့ရဲ့ ထူးခြားချက်က Foundation ကို သံလိုက်လို ဆွဲကပ်ထားပေးတာဖြစ်လို့ မိတ်ကပ်သား ကွက်တာ၊ ပျက်တာတွေကို ကာကွယ်ပေးပါတယ်။
Scent Note (အနံ့):
လန်းဆန်းစေတဲ့ Grapefruit (ရှောက်ခါးသီး) နဲ့ Geranium အနံ့သင်းသင်းလေး ပါဝင်ပါတယ်။
ဘယ်သူတွေနဲ့ အလိုက်ဖက်ဆုံးလဲ?
Normal to Oily Skin (ပုံမှန်နှင့် အဆီပြန်သော အသားအရေ) အတွက် Brand က ညွှန်းဆိုထားပါတယ်။ သို့သော် အစိုဓာတ်ဖြည့်ပေးမှု ကောင်းမွန်လွန်းတာကြောင့် Dry Skin သမားများလည်း အလွန်နှစ်သက်ကြပါတယ်။
အသုံးပြုနည်း အကြံပြုချက်
မျက်နှာသစ်ပြီး Toner/Serum သုံးပြီးချိန်တွင် နောက်ဆုံးအဆင့် Moisturizer အနေဖြင့် သုံးနိုင်သလို၊ မိတ်ကပ်မလိမ်းမီ Primer အနေဖြင့်လည်း သုံးနိုင်ပါတယ်။ မျက်နှာပေါ်မတင်ခင် လက်ချောင်းလေးတွေကြားမှာ အရင်ပွတ်ပြီး Warm up လုပ်ပြီးမှ လိမ်းပေးပါ။
Glorious Honest Note:
ဒီပစ္စည်းလေးမှာ Citrus (ရှောက်မျိုးရင်း) အမွှေးနံ့ ပါဝင်ပါတယ်။ အနံ့ပါတာကို လုံးဝ မကြိုက်သူများ (သို့) Essential Oil နဲ့ ဓာတ်မတည့်သူ (Sensitive Skin) များအတွက် အဆင်မပြေနိုင်ပါဘူးနော်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

